ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား……….?
လူတိုင်းလိုလိုမှာဖြစ်နေတဲ့ အရေပြားပြဿနာ တစ်ရပ်ရှိနေပါတယ်။ ဒါကတော့ ဝက်ခြံ ပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံပျောက်ချင်လို့ ဝက်ခြံပျောက်နည်းဆိုတိုင်း လိုက်လုပ်နေပေမယ့် မပျောက်တာကြောင့် စိတ်ပျက်နေသူတွေရှိလား၊ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါနော်။ ဝက်ခြံအမျိုးအစားတွေ ကဘာတွေလဲ………….. ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။ Whiteheads ဝက်ခြံ – အရေပြားအောက်ဘက်မှာရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင်အနှစ်လေးတွေထွက်တတ်ပါတယ်။ နှာခေါင်းဘေးတဝိုက်နဲ့ မေးစေ့မှာ အဖြစ်များပါတယ်။ Blackheads (ဆားဝက်ခြံ) – အရေပြားပေါ်မှာ ခပ်မဲမဲအရောင်နဲ့မြင်သာပါတယ်။ နှာခေါင်းနဲ့ T- Zone မှာအဓိကပေါက်တတ်ကြပါတယ်။ Papules ဝက်ခြံ – သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။ အရေပြားပေါ်မှာ မြင်သာပါတယ်။ Pustules ဝက်ခြံ – အရေပြာ းပေါ်မှာ သိသာထင်ရှားတဲ့ ဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။ Nodules ဝက်ခြံ – ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပ